- Back to Home »
- Korea Tv Series , Tv Series »
- Synopsis of Doctors (2016) မြန်မာစာတန်းထိုး
Posted by : mmtvmoviesplus
Tuesday, September 6, 2016
မင်းသမီးချောလေး ယွန်းဟေးဂျောင်ရဲ့ ဘဝနောက်ကြောင်းကို ပထမပိုင်း ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာ အဓိကထားပီးရိုက်ကူးခဲ့တဲ့ Doctors ကားလေးဟာ အခုအပိုင်း ၄ ကနေစပြီးတော့ အရံမင်းသားမင်းသမီး အစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီဘဲဖြစ်ပါတယ်….
ပထမပိုင်း ဇာတ်ကားအကျဉ်းမှာတော့ ဆရာဖြစ်သူ ဟွန်းဂျီဟွန်းကို သံယောဇဉ်ရှိနေခဲ့တဲ့ယွန်းဟေးဂျောင်တစ်ယောက် သူကိုယ်တိုင်ဆရာဝန်အဖြစ်နဲ့ ဟွန်းဂျီဟွန်းအနားကိုပြန်လည်ရောက်ရှိလာခဲ့အခါ …ငယ်စဉ်ထဲက သံယောဇဉ်ရှိခဲ့ပေမယ့် မလွဲသာတဲ့အခြေနေတခုကြောင့် ယွန်းဟေးဂျောင်နဲ့ကွဲကွာခဲ့ရပြီး သူလိုဘဲဆရာဝန်အဖြစ်နဲ့ ချစ်ရတဲ့သူ ကျောင်းသူလေးယွန်းဟေးဂျောင်ကိုဒေါက်တာအဖြစ်နဲ့ပြန်ပြီး မြင်လိုက်ရတဲ့အချိန်မှာတော့…
Doctors Drama ကားကို သံယောဇဉ်တွေချည်နှောင်မှု့ သူငယ်ချင်းအချင်းချင်းချစ်ခင်မှု့နဲ့ နုပျိုလှတဲ့ လူငယ်တွေရဲ့ ရင်ခုန်သံအရိုင်းတွေနဲ့ဖန်တီး ခြယ်မှုန်းထားပါတယ်…ဟာသဖန်တီးနိုင်မှု့ရသတွေကိုတော့ ဆေးရုံအခန်းတွေနဲ့ ဆရာဝန်တွေရဲ့ နေထိုင်မှု့ပုံစံစရိုက်လေးတွေမှာ ဟာသလေးတွေနှောပြီးထည့်သွင်းရိုက်ကူးထားပါတယ်….အခု တင်တဲ့ အပိုင်း ၄ ကစပြီး အပိုင်း ၁၀ အထိ Doctors Medical Drama ကားရဲ့အခြေနေကတော့ ကိုရီးယားနိုင်ငံရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ DOTS ကို ကျော်တက်သွားပြီဘဲဖြစ်ပါတယ်..ဆေးပညာပိုင်းကိုအထူးပြုရိုက်ကူးထားတဲ့ကားအပြင် အနုပညာရသကိုပါပြည့်ဝစွာ ဖန်တီးထားတဲ့ Series ဖြစ်တဲ့အတွက် လူငယ်တွေအတွက် စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းအခန်းလေးတွေကိုကြည့်ရှု့ရမယ့်အပြင် လူကြီးတွေအတွက်ပါ အသည်းစွဲဖြစ်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်လို့ပြောပါရစေ ..
ဆေးအကြောင်းနဲ့ ခွဲစိတ်မှု့ အခန်းတွေ ဇာတ်ကားရဲ့ English စာတွေကို ကူညီပြီး စစ်ပေးတဲ့ CM Admin Little Neo ကို ကျေးဇူးတင်ပါကြောင်းလဲ ဒီနေရာကနေ ပြောပရစေ။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwinပဲ ဖြစ်ပါတယ်)
တိုက်ရိုက်ကြည့်ရန် Download Link
================ ================
Credit to channelmyanmar.org/