Blog Archive
-
▼
2016
(19)
-
►
August
(12)
- A Chinese Odyssey Part1&2: Pandora's Box
- 1920 London (2016) မြန်မာစာတန်းထိုး
- Now You See Me 2 : 2016 မြန်မာစာတန်းထိုး
- Now you see me(2013) မြန်မာစာတန်းထိုး
- Batman :The Killing Joke(2016) မြန်မာစာတန်းထိုး
- X-Men Apocalypse (2016)
- X-Men Days of Future Past(2014)
- Zoolander2 (2016) မြန်မာစာတန်းထိုး
- Cellular (2004) မြန်မာစာတန်းထိုး
- The Mask (1994) မြန်မာစာတန်းထိုး
- The Legend Of Tarzan (2016) မြန်မာစာတန်းထိုး
- Maigret Set A Trap(2016)(မြန်မာစာတန်းထိုး)
-
►
August
(12)
Powered by Blogger.
Labels
Like Us
Movie Search
Popular Posts
-
ဒရက်ဂူလာ ဟာသကားလေးပါ… မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်း...
-
ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြ...
-
လျှို့ဝှက်သည်းဖို စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကိုအခြေခံပြီးရိုက်ကူးထားတဲ့ သည်းထိတ်ဆန်းကြယ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါ၇စေ.။ ဆန...
-
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။ ဂျက်ကီဟာ ရဲအရာရှိတစ်ဦး...
-
ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်...
-
IMDB: 6.9/10 Metacritic : 56% Rotten Tomatoes : 77% 1994 ခုနှစ် မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပ...
-
ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ ...
-
အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့ Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့်ြ...
-
ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထ...
-
“X-Men: Apocalypse (2016)”Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။X-Men: First Class (2011)နဲ့ ...
Archive for 2016
Synopsis of Doctors (2016) မြန်မာစာတန်းထိုး
မင်းသမီးချောလေး ယွန်းဟေးဂျောင်ရဲ့ ဘဝနောက်ကြောင်းကို ပထမပိုင်း ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေမှာ အဓိကထားပီးရိုက်ကူးခဲ့တဲ့ Doctors ကားလေးဟာ အခုအပိုင်း ၄ ကနေစပြီးတော့ အရံမင်းသားမင်းသမီး အစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီဘဲဖြစ်ပါတယ်….
ပထမပိုင်း ဇာတ်ကားအကျဉ်းမှာတော့ ဆရာဖြစ်သူ ဟွန်းဂျီဟွန်းကို သံယောဇဉ်ရှိနေခဲ့တဲ့ယွန်းဟေးဂျောင်တစ်ယောက် သူကိုယ်တိုင်ဆရာဝန်အဖြစ်နဲ့ ဟွန်းဂျီဟွန်းအနားကိုပြန်လည်ရောက်ရှိလာခဲ့အခါ …ငယ်စဉ်ထဲက သံယောဇဉ်ရှိခဲ့ပေမယ့် မလွဲသာတဲ့အခြေနေတခုကြောင့် ယွန်းဟေးဂျောင်နဲ့ကွဲကွာခဲ့ရပြီး သူလိုဘဲဆရာဝန်အဖြစ်နဲ့ ချစ်ရတဲ့သူ ကျောင်းသူလေးယွန်းဟေးဂျောင်ကိုဒေါက်တာအဖြစ်နဲ့ပြန်ပြီး မြင်လိုက်ရတဲ့အချိန်မှာတော့…
Doctors Drama ကားကို သံယောဇဉ်တွေချည်နှောင်မှု့ သူငယ်ချင်းအချင်းချင်းချစ်ခင်မှု့နဲ့ နုပျိုလှတဲ့ လူငယ်တွေရဲ့ ရင်ခုန်သံအရိုင်းတွေနဲ့ဖန်တီး ခြယ်မှုန်းထားပါတယ်…ဟာသဖန်တီးနိုင်မှု့ရသတွေကိုတော့ ဆေးရုံအခန်းတွေနဲ့ ဆရာဝန်တွေရဲ့ နေထိုင်မှု့ပုံစံစရိုက်လေးတွေမှာ ဟာသလေးတွေနှောပြီးထည့်သွင်းရိုက်ကူးထားပါတယ်….အခု တင်တဲ့ အပိုင်း ၄ ကစပြီး အပိုင်း ၁၀ အထိ Doctors Medical Drama ကားရဲ့အခြေနေကတော့ ကိုရီးယားနိုင်ငံရဲ့ရေပန်းအစားဆုံးဖြစ်တဲ့ DOTS ကို ကျော်တက်သွားပြီဘဲဖြစ်ပါတယ်..ဆေးပညာပိုင်းကိုအထူးပြုရိုက်ကူးထားတဲ့ကားအပြင် အနုပညာရသကိုပါပြည့်ဝစွာ ဖန်တီးထားတဲ့ Series ဖြစ်တဲ့အတွက် လူငယ်တွေအတွက် စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းအခန်းလေးတွေကိုကြည့်ရှု့ရမယ့်အပြင် လူကြီးတွေအတွက်ပါ အသည်းစွဲဖြစ်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်လို့ပြောပါရစေ ..
ဆေးအကြောင်းနဲ့ ခွဲစိတ်မှု့ အခန်းတွေ ဇာတ်ကားရဲ့ English စာတွေကို ကူညီပြီး စစ်ပေးတဲ့ CM Admin Little Neo ကို ကျေးဇူးတင်ပါကြောင်းလဲ ဒီနေရာကနေ ပြောပရစေ။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Moe Myint Lwinပဲ ဖြစ်ပါတယ်)
တိုက်ရိုက်ကြည့်ရန် Download Link
================ ================
Credit to channelmyanmar.org/
Tag :
Korea Tv Series,
Tv Series,
Cabin Fever(2016) မြန်မာစာတန်းထိုး
ဒီတစ်ခါတော့ စွန်းကြမ်းတဲ့ Horror/Thrill တကားနက် မိတ်ဆက်ပေးမယ်ကြမ်းလား မကြမ်းလားကတော့ ပိုစတာကြည့်သိမှာပါ 😛
ဇာတ်လမ်း အကျဉ်းလေးကတော့ ကယ်ဘင် ဆိုတဲ့ နေရာကို သူငယ်ချင်း ၅ယောက်သွားလည်ရာမှ မပြန်လမ်းကို မြန်းသွားပုံကို ရိုက်ကူးပြထားပြီးHorro တို့ရဲ့ ထုံးစံ အတိုင်း Rating တော့ အတော်နည်းတာကိုတွေ့ရတယ်ဗျပုရိသအကြိုက်ကား မျိုးမို့ ကြောက်တာရယ် ဟွာရယ် ဆိုတဲ့ ရသ ၂မျိုးကိုတပြိုင်နက် ခံစားရမှမို့ သိပ်လန်းမယ်ဆိုတာ တော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်သူတို့က ၅ယောက်စုသွားတယ်ကွီးတို့က ၁၈ယောက် စုကြည့်ကြပေါ့ 😛
File Size :705 MB
Quality :720p HD
Format :Mp4
Encode : Kyaw Ye aung
Running Time : 1hr 38 minute
Download Link
================
download click with Google Drive Small File ( MB)
Cell (2016) မြန်မာစာတန်းထိုး
လျှို့ဝှက်သည်းဖို စာရေးဆရာကြီး Stephen King ရဲ့ ၀တ္တုကိုအခြေခံပြီးရိုက်ကူးထားတဲ့ သည်းထိတ်ဆန်းကြယ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါ၇စေ.။
ဆန်းကြယ်တဲ့ ဖုန်းလိုင်း Signal တွေကြောင့် ဖုန်းသုံးစွဲနေသူအားလုံး စိတ်ကစဥ့်ကလျားဖြင့် စိတ်ရူးပေါက်မှု့များဖြစ်ပွားပြီး ကမ္ဘာပျက်သလို နေရာအနှံ့လူရူးများဖြင့် ပြည့်နှက်သွားပါတယ်.။ ဖုန်းလိုင်းမှ ဆန်းကြယ်တဲ့ Signal ကိုခံစားလိုက်ရသူတွေဟာ ဓာတ်မသင့်သူတွေအားလုံးကို ထိုးရိုက်ခုတ်နှက်ပြီး အသက်သေဆုံးတဲ့ အထိ အန္တရာယ်လိုက်လံပေးနေတာကြောင့် အသက်ရှင်ကျန်ရစ်သူတွေမှာ ပုန်းအောင်းပြီး ဘေးလွတ်ရာကို ရှာကြံကြရပါတော့တယ်.။ ကျန်ရစ်သူတွေထဲကမှ ပန်းချီဆရာ ဆန်မြူရယ်ဟာ သူ့ရဲ့ မိသားစုကိုရှာပြီး ဘေးလွတ်ရာကို ပြေးဖို့ အတွက်ကြိုးပန်းရင်း ထူးဆန်းတဲ့ Cell Phone Singal ရဲ့ ဆန်းကြယ်မှု့ လျှို့ဝှက်မှု့အဖြေတို့ကို အမှတ်မထင်ရှာဖွေတွေ့ရှိသွားခဲ့မိပါတော့တယ်.။
သည်းထိတ်ဆန်းကြယ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မိသားစုနှင့်အတူကြည့်ရှု့ဖို့ အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်.။
File Size :399 MB
Quality :360p HD
Encode : Mg Moe Tain
Download Link
================
Credit to goldchannelmovies.com
Tag :
2016 Movie,
Action,
Allegiant (2016) မြန်မာစာတန်းထိုး
စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။
ဇာတ်လမ်းရဲ့ကြောရိုး….
အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဥာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး…သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့ Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။
အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။
File size…(407 MB)
Quality…BR-Rip 360p
Format…mp4
Duration….02:00:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download Link
================
Credit to channelmyanmar.org/
Tag :
2016 Movie,
Action,
Bangkok Knockout (2010) မြန်မာစာတန်ထိုး
Fight Club ဆိုတဲ့သင်တန်းတခုကိုထူထောင်ခဲ့တယ်
သူဆုံးတော့ သူ့သားက ဒီသင်တန်းကိုဆက်ပြီးဦးဆောင်ခဲ့တယ်
အဖေဆုံးပြီးအမေနဲ့ပင်ပင်ပန်းပန်းရုန်းကန်ရတဲ့သူတို့အဖွဲ့အတွက်
အတော်ဆုံး သိုင်းအဖွဲ့တွေကိုယှဉ်ပြိုင်စေပြီးနောက်ဆုံးအနိုင်ရတဲ့
အဖွဲ့ကို ဟောလီဝုဒ်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံရမယ်ဆိုတဲ့ ကမ်းလှမ်းချက်က
သူတို့အတွက်တော့ ဘုရားပေးတဲ့အခွင့်ရေးဖြစ်လာခဲ့တယ်…
ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ…
တကယ်ပဲသူတို့ကို ဟောလီဝုဒ်ခေါ်သွားမှာလား….
street fight ပုံစံမျိုးလောင်းကစားလုပ်လေ့ရှိတဲ့ နိုင်ငံခြားသားတချို့ရဲ့
အစီအစဉ်အရသူတို့ကို လောင်းကြေးထပ်သောအခါ…….
မူရင်းထိုင်းစာဖိုင်ကို အင်္ဂလိပ်လိုပြန်ထားတဲ့အတွက်
အင်္ဂလိပ်လိုပြောတဲ့အခန်းတွေမှာ စာတွေပါမလာပေမယ့်
အတိုက်အခိုက် အသတ်အပုတ်ကြည့်ချင်သူတွေအတွက်တော့
စိတ်ကြိုက်တွေ့စေမယ့်ဇာတ်ကားတကားဖြစ်ကြောင်းညွှန်းပါရစေ
(ဇာတ်ကား အညွှန်းနဲ့ ဘာသာပြန်ကတော့ ကိုအောင်အောင်ဦး(မြန်မာကြီး) ဖြစ်ပါတယ်)
Quality…BR-Rip 720p
Format…mp4
Duration….01:44:24
Subtitle….Myanmar Subtitle (Hardsub)
Translator …….Aung Aung Oo
Encoder….Aung Aung Oo
Download Link
================
Credit to channelmyanmar.org/
Dark Shadows (2012) မြန်မာစာတန်းထိုး
မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။
၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။
၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။
အဲ Angelique ဟာ မင်းသားရဲ့ မိဘတွေကိုလဲခတ်ပစ်ပီး မင်းသားကိုလဲ မသေနိုင်တဲ့ သွေးစုပ်ဖုတ်ကောင်ဘ၀ကို ပြောင်းခဲ့ပါတယ်….အခေါင်း တစ်ခုတွင်းမှာထည့်သွင်းကာ စီရင်ခဲ့ပါတယ်။
နောက် ၁၉၆ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာတော့.. အလုပ်သမားတစ်ယောက်က မမျှော်လင့်ပဲ Barnabas ရဲ့ အခေါင်းကိုဖွင့်ပီး လွတ်စေခဲ့သောအခါ…….
နောက် Victoria ဆိုတဲ့ကောင်မလေး….
မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..
ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။
ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …
ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။ကြည့်လိုက်ရအောင်….။(ရုပ်ရှင်အညွှန်းကို swannyeelover.blogspot မှကူးယူဖော်ပြပါသည်။)
File size…(406MB)
Quality…BR-Rip 360p
Format…mp4
Duration….01:53:05
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download Link
================
Skiptrace(2016) မြန်မာစာတန်းထိုး
2016 ထွက် ဂျက်ကီချန်း ကားအသစ်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Shanghai Noon/Knights ကားတွေနဲ့ အနည်းငယ်တော့ ဆင်တူပါတယ်။
ဂျက်ကီဟာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မည်သူမှန်းမသိတဲ့ မြေအောက်လျို့ဝှက် ဒုစရိုက်ခေါင်းဆောင်တစ်ဦးကို ဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ အမည်ဝှက်ကိုတော့ တုံညိုရှီ ( ကျွဲရိုင်းသတ်သမား ) လို့ပဲ သိထားကြပါတယ်။ အဲဒီလို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း အသတ်ခံခဲ့ရပြီး သူငယ်ချင်းရဲ့ သမီးလေး ဆမန်သာ ကို ဆက်စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် ဆမန်သာဟာ တုန်ညိုရှိလို့ သံသယရှိသူပိုင်တဲ့ ကာစီနိုရုံမှာ သူလျိုဝင်လုပ်ရင်း အန္တရာယ်နဲ့ကြုံလာသလို၊ အမေရိကန်လူမျိုး ဖဲသမားလူလိမ် ကော်နာဝက်စ်ကလည်း အဲဒီကာစီနိုဝိုင်းမှာ လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်ပြီး အရေးကြီးတဲ့ တယ်လီဖုန်းနဲ့ အတူ ထွက်ပြေးလာခဲ့ပါတယ်။
အဓိက ဇာတ်လမ်းကတော့ ဘန်နီ(ဂျက်ကီချန်း) ဟာ ဖဲသမားလူလိမ် ကော်နာဝက်စ် ကို မကာအိုကနေ ဟောင်ကောင်ကို အခက်အခဲတွေ ကြားထဲက ခေါ်လာဖို့ ကြိုးစားရင်း လမ်းတစ်လျှောက်ကြုံရတာတွေကို ဟာသတွေ ရယ်စရာတွေ နဲ့ တရုတ်ရိုးရာပွဲတော်အလှတွေ ရောပြီး လှလှပပပြသထားတာပါပဲ။ ဂျက်ကီချန်းရဲ့ လှုပ်ရှားမှုတွေ ကြည့်ရင်း ပြုံးပျော်ဖို့ တဖန်အချိန်ကျလာပြန်ပြီဆိုတော့ အားပေးကြပါဦး။ (Subtitle အတွက် ကို SKL ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်)ထွက်ရှိထွက်သမျှထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTC ဗားရှင်းနဲ့ တင်ပေးထားပါတယ်။ Blu Rayရရင်လဲ Updateပေးမှာမို့ Blu Ray ရမှ ကြည့်မယ်ဆိုတဲ့လူတွေ စောင့်ကြပါဦး
(အညွန်းရေးပေးသူကတော့ Little Neo ဖြစ်ပြီး ဘာသာပြန်သူကတော့ SKL ဖြစ်ပါတယ်)
Quality : 720 HDTC
Running Time : 1hr 47 minute
Format : Mp4
Genre : Action, Comedy
Encoder : Joker.phs
Download Link
================
Credit to channelmyanmar.org/
A Chinese Odyssey Part1&2: Pandora's Box
ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘ၀ပြန်ဝင်စားပြီး လူဘ၀နဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီးရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ
ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေ ကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေး ဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘ၀ကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင် စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသ ကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထွေထူးညွှန်းမနေတော့ပါဘူး။ Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရှိထားပြီးတော့ ဒုတိယပိုင်းဖြစ်တဲ့ Chinese Odyssey Part 2 : Cindrella ကတော့ Imdb Rating 8.1 ထိတောင်ရရှိထားတာပါ။
ဒီဇာတ် ကား လေးကို အရင်က အပြင်က အခွေဆိုင်တွေမှာ၊youtubeပေါ်တွေမှာ ကြည့်ဖူးကြပေမဲ့ ရုပ်ထွက် သိပ်မကောင်းတာကြောင့် ကျွန် တော် တို့ Channel Myanmar မှ Quality is our Priority ဆိုတဲ့အတိုင်း အားလုံးကို အ ကောင်းမွန် ဆုံးအရည် သွေး တွေ ပေးချင် တာ ကြောင့်  Bluray Quality နဲ့ ရှာဖွေပြီး တင် ဆက် ပေးလိုက်ပါတယ် ။ အားလုံးအဆင် ပြေကြပါ စေခင် ဗျာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ။
File Size : 359 MB & 405 MB
Quality : 360P HD
Running Time : 1hr 27 minute, 1hr 28 Minute
Format : Mp4
Genre : Action, adventure,Comdey
Encoder : Joker.phs
Part 1
Part 2
Credit to channelmyanmar.org/
1920 London (2016) မြန်မာစာတန်းထိုး
– ဒီနေ့အတွက်တော့ ချောက်ချားစရာ အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ပြီးခဲ့တဲ့နှစ်တွေတုန်းက လူကြိုက်များခဲ့တဲ့ 1920 ဆိုတဲ့ ဇာတ်ကားရဲ့ ဒုတိယတွဲဖြစ်ပါတယ် ။ရှီဗန်ဂီဆိုတဲ့ အမျိုးသမီးဟာ သူ့ချစ်သူနဲ့အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ယောက်ျားဖြစ်သူ ဗီးယားကဟာ အဖျက်အမှောင့်တစ်ခုကြောင့် ရောဂါဆိုးတစ်ခု စွဲကပ်ခဲ့ပါတယ်။
သူ့ရဲ့ရောဂါဟာ ရုပ်အင်္ဂါတွေ ပြောင်းလဲပြီး ကြောက်စရာအသွင်ဖြစ်သွားခဲ့လို့ ဆေရုံတင်ပြီးကုသခဲ့ပေမယ့်မပျောက်ကင်းတာကြောင့် နောက်ဆုံးမှာ ပယောဂဆရာတစ်ဦးရဲ့ အကူအညီကိုရယူရပါတယ်။အဲ့ဒီပယောဂဆရာက ရှီဗန်ဂီရဲ့ ချစ်သူဟောင်းတစ်ယောက်ဖြစ်ပြီး သူ့အကူအညီကို မယူလို့ မဖြစ်တာကြောင့် နောက်ဆုံးမှာ သူကိုယ်တိုင်အကူအညီတောင်းခဲ့တာကြောင့် ချစ်သူဟောင်းဂျေးဟာ သူ့ကိုကူညီဖို့ဖြစ်လာပါ တယ်။တကယ်တော့ ဂျေးနဲ့ရှီဗန်းဂီးတို့ နှစ်ဦးကြားမှာ ချစ်သူဘ၀က အထင်လွဲစရာ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ပြီး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်
။ဂျေးဟာ ချစ်သူဟောင်းရဲ့ ယောက်ျားကို ကူညီဖို့သူကိုယ်တိုင်သွားကြည့်တဲ့အခါမှာတော့ အဲ့ဒီလူမှာ မကောင်းဆိုးရွားတစ်ကောင် ကပ်တွယ်နေပြီး အဲဒီ မကောင်းဆိုးရွားကပ်တွယ်နေတဲ့ ခန္ဓာကိုယ်ဟာ သေလုမြောပါးဖြစ်နေပါတယ်။ဒီအခြေအနေမှာ ဂျေးက အဲဒီ မကောင်းဆိုးရွားကို ဖယ်ထုတ်ဖို့ သူ့ချစ်သူဟောင်းနဲ့ အတူကြိုးပမ်းတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီလောက် တော့ မရိုးစင်းပါဘူး။ ဒီအမျိုးသားကို တွယ်ကပ်နေတဲ့ မကောင်းဆိုးရွားဟာ တစ်စုံတစ်ဦးရဲ့ စေခိုင်းမှုကြောင့်ဖြစ်ပြီး အဲဒီသူကိုတော့ ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာမှသိရတာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နာမည်ကျော် 3 IDIOT ဇာတ်ကားထဲက သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ရှာရ်မန်းဂျိုရှိက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြပါသည်။)
File size…(999MB)
Quality….DVD-Rip 720p
Format…mp4
Duration….01:58:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download Link
================
Credit to channelmyanmar.org/
Now You See Me 2 : 2016 မြန်မာစာတန်းထိုး
အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့
Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်..
မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ်
ပထမကားမှာ သေသွားတဲ့ ဂျက် ၀ိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ၀င် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ၀ရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့…..Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်(ဒီဇာတ်ကားကို Khin Cherry Hnin မှ ဘာသာပြန်တင်ဆက်ပေးပြီး ဇာတ်လမ်းအညွှန်းကိုပါ ရေးသားပေးထားပါတယ်)
Length…2 hours 9 mins
Format…mp4
File size…953MB (Big file) MB(Small file)
Subtitle….Myanmar Subtitle (Hardsub)
Translator…Khin Cherry Hnin
Encoder….Kaung Myat Thu
Download Link
================
Credit to channelmyanmar.org/
Tag :
2016 Movie,
Action,
Now you see me(2013) မြန်မာစာတန်းထိုး
FBI ကဖမ်းမရတဲ့ ဘဏ်ဖောက်ထွင်းမှု…လက်စားချေမှု…ရာဇဝတ်မှုများ…..
လှည့်ကွက်များနဲ့ ဖမ်းစားသွားမယ့်ဇာတ်ကားလေးပါ…။
(Nyeinsaeya Aung @ 2:06PM , 2.4.2014) Now you see me ဆိုတဲ့ဇာတ်ကားက ကျွန်တော်တို့ Channel Myanmar အတွက်
အမှတ်တရအရှိဆုံးဇာတ်ကားဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ CM ကပထမဆုံးတင်ဆက်ခဲ့တဲ့ဇာတ်ကားဖြစ်လို့ပါ။
ဇာတ်ကားရဲ့ဆိုလိုရင်းလိုပဲ ရင်သပ်ရှုမောမှုတွေကို ပြသမယ်ဆိုတဲ့ နိမိတ်ကိုယူခဲ့တာဖြစ်ပြီး
Channel Myanmar ကို Now,You see me ပါ။File size…(853 MB)
Quality…Blu-ray Rip 720p
Format…mp4
Duration….02:04:48
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Download Link
================
download click with Google Drive Small File (415 MB)
Credit to channelmyanmar.org/
Batman :The Killing Joke(2016) မြန်မာစာတန်းထိုး
ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ
ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲ
ခံစားကြဖူးကြမှာပါပဲ
ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား
ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား…?
ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…?
ဒီဇာတ်ကားထဲမှာတော့
Batman ရဲ့ အဓိကရန်သူတော် Villain ကြီး
Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့
ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ
သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ
အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို
အသွင်ပြောင်းသွားခဲ့ပါတယ်
နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ
စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲ
ဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ
ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ်
မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ
မှာမြင်တွေ့ရမှာဖြစ်ပြီး
Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို
လေးလေးနက်နက်ပုံဖော်ပြထားပါတယ်1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comic
ကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ
အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ
3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့
တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်IMDb rating အနေနဲ့ 6.8/10ရရှိထားလို့
ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်
ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။
File Size : 475 MB small file (296 MB)
Quality :720P HD
Format : MP4
Encoder : Kaung Myat Thu
Translator: Han Htoo Zaw
Running Time : 1hr 19 minute
Download Link
================
Credit to channelmyanmar.org/
X-Men Apocalypse (2016)
“X-Men: Apocalypse (2016)”Marvel comicsမှာပါတဲ့ X-Menဇာတ်ကောင်တွေအပေါ် အခြေခံထားတဲ့ Superhero ရုပ်ရှင်ဖြစ်ပါတယ်။X-Men: First Class (2011)နဲ့ X-Men: Days Of Future Past (2014)ရဲ့ အဆက်အဖြစ် ရည်ရွယ် ရိုက်ကူးထားတာဖြစ်ပြီးတော့ X-Men film series ရဲ့ ၉ကားမြောက်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း Spoiler Free
+++++++++++++++++++++++
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဂျစ်ပြည်မှာ ဘုရားသခင်လို ကိုးကွယ်ခံခဲ့ရတဲ့ ပထမဆုံးသောစွမ်းအားရှင် Mutantကြီး ရှိခဲ့ဖူးပါတယ်။နာမည်ကတော့ En Sabah Nur (Apocalypse)
ပိရမစ်တွေကိုလဲ သူ့အစွမ်းနဲ့ တည်ဆောက်ခဲ့သူပေါ့။ဒါပေမယ့် သူနိုးထလာတဲ့အချိန် 1983မှာတော့ ကမ္ဘာကြီးမှာ လူသားတွေက ဟိုးအရင်တုန်းကလို မဟုတ်တော့ပါဘူး။ဘာသာရေးကိုးကွယ်မှုတွေ၊ စစ်တပ် လက်နက်တွေနဲ့ စစ်ပွဲတွေရှိနေမှန်း သိလိုက်ရတဲ့အခါမှာတော့ စွမ်းအားရှင် Mutants တပည့်၎ယောက်ကို စုဆောင်းပြီးတော့ ကမ္ဘာဆေးဖို့ ပြင်ပါတော့တယ်။Apocalypse ရဲ့အကြံကို သိသွားတဲ့အခါမှာတော့ X-Men အဖွဲ့က ဘယ်လိုတုံ့ပြန်တိုက်ခိုက်ကြမယ်ဆိုတာ…..။
(* စာတန်းထိုးအပြီး အဆုံးမှာ ဇာတ်ဝင်ခန်း after-credit-scene ပါဝင်ပါတယ်။)
လက်ရှိအချိန်.. #IMDB မှာ rating 7.5အထိ ရထားပါတယ်။
* ဒီဇာတ်ကားမှာ ရေလည်လန်းတဲ့ ရိုက်ကူးမှု effectတွေ၊ ဇာတ်ဝင်ခန်းတွေ၊ ဝမ်းနည်းစရာတွေ၊ ဟာသကွက်တွေအပြင် သုံးထားတဲ့ မင်းသား မင်းသမီးတွေ၊ သံစဉ်တီးလုံးတွေ သီချင်းတွေကလဲ လန်းနေလို့ ကြည့်ရတာ အများကြီးတန်ပါတယ်။ဒါ့အပြင် စကားပြောခန်းနဲပြီးတော့ ဇာတ်လမ်းကလဲ ရှင်းရှင်းပဲမို့ X-Men နဲ့ မရင်းနှီးတဲ့သူတွေတောင် နားလည်ရလွယ်ကူမယ့်အပြင်၊ ကြည့်ရှုသူကို ဇာတ်ကားအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်မှာပါ။ *
ဒီဇာတ်ကားအတွက် #Budget $234 millionကို သုံးစွဲထားပါတယ်၊
ပြသချိန်က 144 minutes (2hrs 24mins) ကြာမြင့်မှာ ဖြစ်ပြီးတော့…..
X-Men (2000), X2: X-Men United (2003), X-Men: First Class (2011), X-Men: Days of Future Past (2014) တို့ရဲ့ Director Bryan Singerကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
#ဇာတ်ညွှန်းရေးသားသူ (Thiha Maung )
X-Men fans Myanmar>>> https://facebook.com/X-Men-fans-Myanmar-678775935594821/
Download Link
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File ( MB)
download click with Google Drive Small File ( MB)
Credit to channelmyanmar.org/
Tag :
Action,
X-Men Days of Future Past(2014)
ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။
ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။
ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး အရသာရှိပါတယ်။
ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင် ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။
Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့ Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော် တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။
ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့ Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။
အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဥာဏ်တွေ ဘယ်လို ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William Stryker အငယ်ဘ၀က ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊ Wolverine ရဲ့ မှတ်ဥာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။
Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။
(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်……….)
File Size :
Quality :
Format :
Encoder : Nyeinsaeya Aung
Running Time : 1hr 35 minute
Download Link
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File ( MB)
download click with Google Drive Small File ( MB)
Credit to channelmyanmar.org/
Tag :
2014,
Zoolander2 (2016) မြန်မာစာတန်းထိုး
ကဲဒီတစ်ခါတော့ ရီစရာ ဟာသကားလေးတစ်ကားဖြစ်တဲ့Zoolander 2 နဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေဇာတ်ကားလေးကတော့ ပထမ ၁ လိုပဲ ခပ်မြုးမြုးဟာသကားလေးပါပထမကား ၁မှာ ခွဲခါသွားရတဲ့ သူငယ်ချင်းနှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့ဘယ်လိုတွေများ အလွဲလွဲအမှားမှားတွေဖြစ်ပျက်ခဲ့ကြသလဲနာမည်ကြီးမင်းသမီးကြီးသေဆုံးမှုကနေကော လွတ်မြောက်နိုင်ပါ့မလားသတ်တဲ့သူက ဘယ်သူလဲ စတဲ့မေးခွန်းတွေနဲ့ ဟာသဇာတ်မြူးကားZoolander 2 အသေလန်းတဲ့ ကား Zoolander 2ကဲ ပရိတ်သတ်ကြီးက အောက်မှာ ဆက်ပြီးကျိလိုက်ကြ တော့နော်
File Size : 414 MB
Quality : HD
Format :MP4
Running Time : 1hr 41 minute
Download Link
================
Credit to channelmyanmar.org/
Tag :
2016 Movie,
Comedy,
Cellular (2004) မြန်မာစာတန်းထိုး
အန်းဒရိုက် ဖုန်းများမ ပေါ် သေးမှီ လွန် လေပြီး သောအတိတ် ကာလတစ် ခု သောအခါ၌ ဆယ် လူလာဆို သောမိုလဗိုင်းလ် ဖုန်းများ ကြီးစိုးမင်းမူ နေ သောအချိန် ဗမာပြည် မှပြည် သူပြည် သားများ JXDဆို သော တလုတ် နိုင် ငံထုပ် Mp4 ကိုကိုင် နိုင် ရုံမျှဖြင့်  အ ကောင် ဖြစ် နေ သည့်  တစ် ခု သောကာလ၌ အနှီဆယ်လူလာကားသည် ကား ကျွန် နုပ် တို့ တန်းတန်းစွဲ ခေတ် စားခဲ့သည် ဆိုသတတ်၎င်းဆယ်လူလာ ဇာတ် ကားသည် ကား ` 2004 ခုနှစ် မှာ ရုံတင် ခဲ့တဲ့ သည် ဇာတ် ကားဟာ IMDb 6.5 ရှိခဲ့ပါတယ် action . crime နဲ့ thriller အမျိုးအစားဖြစ် ပြီး ကျ နော် တို့ အရမ်းကြိုက် ခဲ့ရတဲ့ Transpoter မင်းသားကြီး Jason Statham ဟာဗီလိန် နေရာက နေသရုပ် ဆောင် ထားပါတယ် ခု နောက် ပိုင်း captain america ဇာတ် လမ်းနဲ့ နာမည် ကြီးလူသိများလာခဲ့တဲ့ မင်းသား ချော Chris Evans ဟာ မင်းသား နေရာက နေ သရုပ် ဆောင် ထားခဲ့ပါတယ်။
ဇာတ် လမ်း အကျဉ်းကို ပြေားရရင် တော့ ဘာမှန်းမသိရပဲ ပြန် ပေးဆွဲတာကိုခံလိုက် ရတဲ့ ကျောင်းဆရာမတစ် ယောက် ဘဝကိုဘာအပူအပင် မှမရှိပဲ ပေါ့ ပေါ့ပါးပါးဖြတ် သန်း နေခ့တဲ့ လူငယ် လေးတစ် ယောက် ရောင်း ချရမယ့်  တိုက် ခန်း နေရာကို ဗီဒီယိုရိုက် ကူး နေရင်း မှားယွင်းတဲ့အဖြစ် အပျက် တစ် ခုကို မှတ် တမ်းတင် မိသွားခဲ့ အိမ် ခြံ မြေအကျိုး ဆောင် အိမ် ထောင် ဦးစီးတစ် ယောက် ၂၇ နှစ် ကြာ တာဝန် ထမ်း ဆောင် ခဲ့ရလို့အလုပ် ကို ညီး ငွေ့ နေပြီးအညိမ်းစားယူ တော့မယ့်  ရဲအရာ ရှိတစ် ယောက် နေရာ ပေါင်းစုံ မတူညီတဲ့လူ ပေါင်းစုံတို့နဲ့ ဖွဲ့စည်းလိုက် တဲ့အခါမှာ တော့ Cellular ဆိုတဲ့ဇာတ် ကားဖြစ် ပေါ်လာခဲ့ပါတယ်။
ကြည့် ဖူးတဲ့သူ တွေပြန် ကြည့် ချင် ကြမှာကျိန်း သေသလို မကြည့် ရ သေးသူ တွေလဲ လက် မလွှတ် သင့် တဲ့ ဇာတ် ကား ကောင်းတစ် ခုပါ။
File Size : 672 MB small file (363 MB)
Quality : 720P HD
Format : Mp4
Encoder : Joker.phs
Running Time : 1hr 35 minute
Download Link
================
Credit to channelmyanmar.org/
The Mask (1994) မြန်မာစာတန်းထိုး
IMDB: 6.9/10
Metacritic : 56%
Rotten Tomatoes : 77%
1994 ခုနှစ်
မိတ်ဆွေတို့ ကျွန်တော်တို့ ပေါက်စနဘ၀လေးပဲရှိသေးတဲ့အချိန် အဲဒီအချိန်ခုနှစ်မှာပဲ အခု Deadpoolထွက်ပြီးတဲ့အချိန်ထိ ဒါမှမဟုတ် နောက်ရာစုနှစ်တွေအထိ အရယ်ရဆုံး ComicBook Movie တစ်ခုဖြစ်လာမယ့် The Mask ကို မွေးဖွားခဲ့ပါတယ်
Edge City ဆိုတာ အမေရိကန်နိုင်ငံက မထင်မရှားဆိပ်ကမ်းမြို့လေးတစ်မြို့ အဲဒီမြို့လေးက မြို့သား Stanley Ipkissကလည်း Edge City ဘဏ်မှာ အလုပ်လုပ်နေတဲ့ မထင်မရှားမြို့သားတစ်ယောက် သူရဲ့စိတ်ထားအင်မတန်ကောင်းလွန်းနေတာရယ် အလျှော့ပေးဆက်ဆံတတ်တဲ့ အကျင့်ကြောင့် လူချစ်လူခင်ပေါတဲ့လူတစ်ယောက် တစ်နေ့ ဘဏ်ကိုဓားပြတိုက်ဖို့ အကြံအစည်နဲ့ရောက်လာတဲ့ Tina Carlleyl ဆိုတဲ့ကောင်မလေးကို တန်းတန်းစွဲဖြစ်သွားပြီး လိုက်ပိုးရာက တလွဲတွေဖြစ် အိမ်အပြန်လမ်းမှာ ထူးထူးဆန်းဆန်း မျက်နှာဖုံးတစ်ခုကို ကောက်ရရာကနေ Stanleyရဲ့ဘ၀ ကပြောင်းကပြန် ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်…
The Truman Show, Man on The Moon, Eternal Sunshine of the Spotless Mind ဇာတ်ကားတွေဟာ
Jim Carrey ရဲ့ အရည်အချင်းကိုအကောင်းဆုံးမှတ်ကျောက်တင်ပေးခဲ့တယ်ဆိုရင် အခု The Mask ကားဟာ Jim Carrey ဆိုတဲ့ မင်းသားတစ်ယောက်ကို ကမ္ဘာ့ ရုပ်ရှင်ဇာတ်ခုံပေါ်တင်ပေးခဲ့တယ်လို့ ပြောနိုင်ပါတယ် ဒါတင်မကပဲ နောင်တစ်ချိန်မှာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာမယ့် Cameron Diaz ကိုစင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ခဲ့တယ်Visual Effect ကဏ္ဍအတွက် nomitationတွေလည်း အများကြီးပါခဲ့ရုံတင်မကပဲ Jim Carrey ကို Golden Globes မှာ Best Actor စာရင်းဝင်စေခဲ့တဲ့ ပထမဆုံးကားလည်း ဖြစ်ခဲ့တယ်။ Jim Carrey ရဲ့အကောင်းဆုံးအချိန်က အကောင်းဆုံးကားဖြစ်ခဲ့တဲ့ The Mask ဟာ မူရင်းကောမစ်က သွေးပျက်ခြောက်ခြားစရာကောင်းနေပေမယ့်လည်း ယခုအချိန်ထိ ဒါမှမဟုတ် နောင်နှစ်များထိတိုင်အောင် အကောင်းဆုံး အရီရဆုံး ComicBook Movie ပါလို့ပြောရင် ဘယ်သူကများ ငြင်းနိုင်ဦးမှာလဲ
File Size :
Quality : 720 HD
Translator : Ye Khant Min
Download Link
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File ( MB)
download click with Google Drive Small File ( MB)
Credit to channelmyanmar.org/
Tag :
Comedy,
The Legend Of Tarzan (2016) မြန်မာစာတန်းထိုး
ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ….ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း…….
ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ မိတ်ဆွေတို့လဲ ခံစားနိုင်အောင် အကြည်ထွက်ထွက်ချင်း ဘာသာပြန်ပေးလိုက်ပါတယ်။
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲ ဖြစ်ပါတယ်)
File Size : 881 MB-small filesize 248MB
Quality : HD720p
New Upload : mmtvmovieplus
Download Link
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File (881 MB)
download click with Google Drive small file (248 MB)
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File (881 MB)
download click with Google Drive small file (248 MB)
channelmyanmar.org/ မှကူးယူ၍ပြန်လည်တင်ပြသည်။
Tag :
2016 Movie,
Action Movie,
Maigret Set A Trap(2016)(မြန်မာစာတန်းထိုး)
အခု တင်ပေးတဲ့ ဇာတ်ကားထဲက မင်းသားကြီးကိုတော့ မြင်တာနဲ့ မှတ်မိကြမယ်ထင်ပါတယ်။ သူ့ကို မြင်လိုက်ရချင်းပဲ ဟာသကားလာပြီလို့ ရုတ်တရက်ထင်မိပါလိမ့်မယ်။ ဒီတစ်ခါတော့ မဟုတ်တော့ပါဘူး။ ဒီဇာတ်ကားကတော့ ပြင်သစ်စာရေးဆရာ Georges Simenon ရဲ့ စုံထောက်ဝတ္ထုကို ဆန်းသစ်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Rowan Atkinson(Mr.Bean) က စုံထောက်ကြီး မိုင်ဂရက် အဖြစ် သရုပ်ဆောင်ထားတာပါ။
ဇာတ်လမ်းအကျဉ်းမှာတော့ ပဲရစ်မြို့ရဲ့ မွန့်မာတေး လမ်းတွေပေါ်မှာ လူသတ်မှုတွေကို တစ်ယောက်တည်းက ကျူးလွန်ခဲ့တာ ၄ မှုဆက်တိုက် ရှိလာခဲ့ပေမယ့် ၅ လကျော်လာတဲ့ တိုင်အောင် သဲလွန်စလေး တစ်ခုတောင် မရခဲ့ပါဘူး။ အဲဒီအတွက် ရဲမှုးကြီး မိုင်ဂရက်အပေါ် ဖိအားတွေ ဆက်တိုက်ကျရောက်နေခဲ့ပါတယ်။ နောက်ဆုံး ၅ ခုမြောက် အမှုမှာတော့ မိုင်ဂရက်ဟာ အကြီးအကျယ်စွန့်စားပြီး လူသတ်သမားကို ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဲဒီအကျိုးဆက်ကြောင့်ပဲ ပထမဆုံး အနေနဲ့ သဲလွန်စတစ်ခု ရလာပေမယ့် သူ့နေရာကိုပါ အစားထိုးပစ်ခံရတော့မယ် အခြေအနေကိုပါတစ်ဆက်တည်း ရောက်လာပါတော့တယ်။ သွေးအေးပြီးပါးနပ်တဲ့ လူသတ်သမားရဲ့ လှည့်ကွက်နဲ့ လူသတ်သမားရဲ့ စိတ်ကို နားလည်နိုင်ရင် သူ့ကို ဖမ်းနိုင်ပြီလို့ ယုံကြည်တဲ့ မိုင်ဂရက်တို့ ဘယ်လို အားပြိုင်ကြမလဲ ဆိုတာကို…….
ဒီဇာတ်လမ်းရဲ့ အစမှာတော့ Mr.Bean ကို မြင်လိုက်ချင်းချင်းပဲ ကြိုတွေးထားခဲ့သလိုပါပဲ ရယ်ချင်သလိုလို စိတ်နဲ့ ကြည့်မိတာပါပဲ။ ဒါပေမယ့် အချိန်လေး နည်းနည်းဆက်ကြည့်မိလိုက်တာနဲ့ သူဟာ ဟာသမင်းသားကြီးဆိုတာ မေ့သွားပြီး ဇာတ်ကားရဲ့ လေးနက်တဲ့ ဇာတ်လမ်းနဲ့ သရုပ်ဆောင်ချက်တွေထဲ မျှောသွားပါလိမ့်မယ်။ ဒီဇာတ်ကားထဲအဆုံးမှာ ကျွန်တော့်တွေးမိတာကတော့ အချစ်ဆိုတာချိုမြိန်တဲ့ သစ်သီးလေး တစ်လုံးဖြစ်ရင်တောင် အတ္တဆိုတဲ့အရာနဲ့ တွဲပြီးစားမိရင် အဆိပ်သင့်သွားပါလိမ့်မယ်ဗျာ။ အားလုံး ခံစားနိုင်ကြပါစေခင်ဗျာ။
Duration : 1:26:00
Quality : 720p HD
Translator: Littleneo
Encoder : Joker@phs
New upload mmtvmovieplus
Download Link
================
================
တိုက်ရိုက်ကြည့်ရန်(click to watch Movie)
download click with Google Drive Big File (639 MB)
download click with Google Drive Small File (358 MB)
download click with Google Drive Big File (639 MB)
download click with Google Drive Small File (358 MB)
Credit to channelmyanmar.org/
Tag :
2016 Movie,
Action Movie,